Local News

ကချင်ပြည်နယ်၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်မှ ၂၇ ရက်နေ့ အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်မှ ၂၇  ရက်နေ့ များအတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ ငွေပမာဏစုစုပေါင်းတန်ဖိုးမှာ ၃၂၈၂၅၅၅ ဒဿမ ၆၃ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပြီး၊ သွင်းကုန်၏စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ၂၁၆၃၆၄ ဒဿမ ၆ ကန်ဒေါ်လာ တင်သွင်းမှုရှိခဲ့ပါသည်။

တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ မြေထောက်ပဲ၊ ဆန်၊ ကြံ၊ မြေပဲဆံ၊ ပဲယင်း၊ ပဲတီစိမ်း၊ ဖရဲသီး၊ ငရုတ်သီး၊ ‌ရွှေဖရုံသီးနှင့် ဆန်ကွဲများ တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏသည် ၁၇၅၃၅၂၁ ဒဿမ ၆၃ ကန်ဒေါ်လာ ဖြစ်ပြီး၊ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏‌ ငွေပမာဏတန်ဖိုးမှာ ၁၅၂၉၀၃၄ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

သွင်းကုန်ပစ္စည်းများမှာ  လယ်ထွန်စက်များ၊ ဆေးဝါးပစ္စည်းများ၊ ဓါတ်မြေဩဇာများ၊ စက်နှင့် စက်ပစ္စည်းများ၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ သုတ်ဆေး/ပေါလစ်များ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ ချည်ထည်များ၊ ကားတာယာ၊ ဘက်ထရီနှင့် ပလပ်စတစ်ခြင်းတောင်းများ တင်သွင်းမှုရှိခဲ့ပါသည်။ ကန်ပိုက်တည်နယ်စပ် ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ ၄၇၂၂၂ တင်သွင်း မှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏ တန်ဖိုးမှာ ကန်ဒေါ်လာ ၁၆၉၁၄၂ ဒဿမ ၆ တင်သွင်းမှု ရှိခဲ့ပါသည်။

မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် သုည ဒဿမ ၃၂၁ ယွမ်ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၃၁၁ ဒဿမ ၅၂ ကျပ်ရှိကြောင်းသိရှိရပါသည်။

 

          မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News